ကျွန်ုပ်တို့အကြောင်း

ဒစ်ဂျစ်တယ်ဆိုင်ရာယုံကြည်မှုနှင့် လူမှုအသိုက်အဝန်း၏ ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ခြင်းအာဆီယံဒေသတစ်ဝန်း

အာဆီယံဒေသရှိ ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သောဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများနှင့် ဝေဖန်ပိုင်းခြားစဉ်းစားနိုင်စွမ်းတို့ကို ရရှိစေရန် အလွယ်တကူရယူပြီး လက်တွေ့ကျကျအသုံးပြုနိုင်သော လိမ်လည်မှုကာကွယ်ရေး အရင်းအမြစ်များမှတဆင့် ပံ့ပိုးပေးခြင်းဖြင့် ၎င်းတို့သည် လုံခြုံရေးအတွက် ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်ပြီး ဒစ်ဂျစ်တယ်လိမ်လည်မှုများကို ရင်ဆိုင်နိုင်သည့် ကြံ့ကြံ့ခံနိုင်စွမ်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။

Google.org ၏ ပံ့ပိုးမှုဖြင့်

ကျွန်ုပ်တို့၏ နောက်ခံအကြောင်း

အရှေ့တောင်အာရှတစ်ဝန်း ပိုမိုလုံခြုံသော ဒစ်ဂျစ်တယ်ဘဝများ

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

အရှေ့တောင်အာရှဒေသရှိ လူတိုင်းကို အွန်လိုင်းလိမ်လည်မှုများအား သတိပြုဖော်ထုတ်နိုင်ရန်၊ တွန်းလှန်နိုင်ရန်နှင့် မိမိကိုယ်တိုင်သာမက မိမိတို့၏ ချစ်ခင်ရသူများကိုပါ ကာကွယ်နိုင်ရန်အတွက် လိုအပ်သော အသိပညာနှင့် သတိရှိမှုတို့ကို ရရှိစေရန် ဖြစ်ပါသည်။

လက်ချင်းရိုက်၍ ပူးပေါင်းဆောင်ရွက်နေကြသူများ

ကျွန်ုပ်တို့၏ ရည်မှန်းချက်

လက်တွေ့အသုံးချနိုင်သော အသိပညာ၊ ဝေဖန်ပိုင်းခြားစဉ်းစားနိုင်စွမ်းနှင့် အလွယ်တကူ လေ့လာအသုံးပြုနိုင်သော သင်ယူရေးအရင်းအမြစ်များကို အသက်အရွယ်မရွေး လူပုဂ္ဂိုလ်များနှင့် လူမှုအသိုက်အဝန်းများထံ ရရှိနိုင်အောင် ပံ့ပိုးပေးခြင်းဖြင့် အာဆီယံဒေသတစ်ဝန်း လိမ်လည်မှုကာကွယ်ရေးကို ပိုမိုအားကောင်းစေရန် ဖြစ်ပါသည်။

လက်ချင်းရိုက်၍ ပူးပေါင်းဆောင်ရွက်နေကြသူများ

သင်ယူသူများ၏ အမြင်

အစီအစဉ်ကို လက်တွေ့အကောင်အထည်ဖော်ပုံ

စနစ်တကျ သင်ကြားမှုအစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်နေသော သင်တန်းဆရာများ

စနစ်တကျဖွဲ့စည်းထားသော သင်တန်းများ

ဒေသခံမိတ်ဖက်အဖွဲ့အစည်း ၂၀ နှင့် ပူးပေါင်း၍ သင်တန်းဆရာ ၂,၀၀၀ ကို လေ့ကျင့်ပေးမည်ဖြစ်ပြီး ၎င်းတို့မှတစ်ဆင့် သင်ယူသူ ၅၅၀,၀၀၀ ကို နက်နက်နဲနဲသိရှိသည်အထိ လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။ သင်ခန်းစာအစီအစဉ်များကို ကျွမ်းကျင်ပညာရှင်များက ရေးဆွဲထားပြီး အာဆီယံနိုင်ငံ ၁၁ နိုင်ငံ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ပြင်ဆင်ထားပါသည်။ ထို့အပြင် မည်သူမဆို အချိန်မရွေး၊ နေရာမရွေး လေ့လာနိုင်ရန် အခမဲ့ဝင်ရောက်အသုံးပြုနိုင်သော အရင်းအမြစ်စင်တာတစ်ခုလည်း ပါဝင်ပါသည်။
မိုဘိုင်းဖုန်းဖြင့် ဂိမ်းအသွင် သင်ခန်းစာများကို လေ့လာနေသော လူငယ်များ

ဂိမ်းအသွင်ဖြင့် သင်ယူခြင်း

အပြုအမူဆိုင်ရာ သိပ္ပံပညာကို အခြေခံထားသော Be Scam Ready ဂိမ်းတွင် ဇာတ်ကောင်မျိုးစုံနှင့် လက်တွေ့ဆန်သော လိမ်လည်မှုအခြေအနေများကို အသုံးပြုထားပါသည်။ ထိုဂိမ်းမှတစ်ဆင့် လူများသည် လက်တွေ့ဘဝတွင် လိမ်လည်မှုတစ်ခုနှင့် မကြုံတွေ့မီ သတိပေးလက္ခဏာများကို ဖော်ထုတ်ခြင်း၊ အချက်အလက်အပေါ်အခြေခံ၍ ဆုံးဖြတ်ချက်ချခြင်းနှင့် ဘေးကင်းစွာ တုံ့ပြန်ခြင်းတို့ကို ကြိုတင်လေ့ကျင့်နိုင်မည်ဖြစ်သည်။
ဒစ်ဂျစ်တယ်လုံခြုံရေး အသိပညာအကြောင်း ဆွေးနွေးနေကြသော ရပ်ရွာလူထု

အသိပညာပေးခြင်း

အွန်လိုင်းလှုပ်ရှားမှုများ၊ မီဒီယာနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဒေသခံပြည်သူများနှင့် တိုက်ရိုက်ထိတွေ့သော လှုပ်ရှားမှုများမှတစ်ဆင့် အသိပညာပေးမှုကို မြှင့်တင်မည်ဖြစ်သည်။ ယင်းလှုပ်ရှားမှုများတွင် ASEAN Guardians Against Scams (အကြောင်းအရာဖန်တီးသူများနှင့် လူထုအပေါ် လွှမ်းမိုးမှုရှိသူများ)၊ Scam Ready Movers (လူမှုအသိုက်အဝန်း ဦးဆောင်လှုပ်ရှားသူများ) နှင့် ASEAN Digital GrandPals (သက်ကြီးရွယ်အိုများကို ပံ့ပိုးကူညီပေးသည့် မျိုးဆက်ပေါင်းစုံ လမ်းညွှန်သူများ) ပါဝင်ပါသည်။
မူဝါဒဆွေးနွေးပွဲတွင် ပူးပေါင်းဆောင်ရွက်နေကြသော သက်ဆိုင်သူများ

အစိုးရ–ပုဂ္ဂလိက ဆွေးနွေးပွဲများ

နိုင်ငံအဆင့် ဆွေးနွေးပွဲ ၆ ကြိမ်နှင့် ဒေသတွင်းအဆင့် ဆွေးနွေးပွဲ ၃ ကြိမ် ကျင်းပမည်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲများတွင် ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ FinTech နှင့် နည်းပညာကုမ္ပဏီများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လူမှုအသိုက်အဝန်း ဦးဆောင်လှုပ်ရှားသူများအပါအဝင် သက်ဆိုင်သူအမျိုးမျိုးကို စုစည်း၍ အမြင်နှင့် အတွေ့အကြုံများ မျှဝေကာ လိမ်လည်မှုကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေမည်ဖြစ်သည်။

မည်သူများအတွက် ရည်ရွယ်သနည်း

အာဆီယံဒေသရှိ လူတိုင်းအတွက် နေရာတစ်ခု

Scam Ready ASEAN သည် စိတ်ဝင်စား၍ လေ့လာချင်သူများမှအစ သတိထားစောင့်ကြည့်သူများအထိ လူတန်းစားမရွေး၊ အလွှာမရွေး ပါဝင်နိုင်ရန် ဖန်တီးထားခြင်း ဖြစ်သည်။ မိမိကိုယ်တိုင်အတွက်ဖြစ်စေ၊ မိမိချစ်ရသည့် မိသားစုနှင့် မိတ်ဆွေများအတွက်ဖြစ်စေ ဒစ်ဂျစ်တယ်ဘေးကင်းလုံခြုံရေးကို စိတ်ချလက်ချ လေ့လာနိုင်မည့် အကောင်းဆုံးနေရာဖြစ်ပါသည်။

ဦးဆောင်သင်တန်းဆရာ

ဦးဆောင်သင်တန်းဆရာ

လူကြီးများအနေဖြင့် လိမ်လည်မှုများကို သတိပြုသိရှိပြီး ရှောင်ရှားနိုင်ရန် လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ရည်ရွယ်ရေးဆွဲထားပါသည်။

လူငယ် (ဝင်ငွေမရှိသေးသူ)

လူငယ် (ဝင်ငွေမရှိသေးသူ)

လူငယ်များ အွန်လိုင်းလိမ်လည်မှုများကို သိရှိ၊ ၎င်းတို့၏ အကောင့်များကို ကာကွယ်ပြီး ဆိုရှယ်မီဒီယာနှင့် ဂိမ်းများတွင် ဘေးကင်းလုံခြုံစေရန် ရည်ရွယ်ရေးဆွဲထားပါသည်။

လူငယ် (ဝင်ငွေရှိသူ)

လူငယ် (ဝင်ငွေရှိသူ)

စတင်ဝင်ငွေရှာနေသော လူငယ်များ အလုပ်အကိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေပေးချေမှု လိမ်လည်မှုများကို သိရှိပြီး ၎င်းတို့၏ ဝင်ငွေကို လုံခြုံစေရန် ကူညီပေးပါသည်။

လူကြီးများ/ ပညာရေးဝန်ထမ်းများ/ စောင့်ရှောက်သူများ

လူကြီးများ/ ပညာရေးဝန်ထမ်းများ/ စောင့်ရှောက်သူများ

မိဘများအနေဖြင့် မိသားစုကို ကာကွယ်ရန်၊ သားသမီးများကို လမ်းညွှန်ရန်နှင့် အိမ်သားအားလုံး လိမ်လည်မှုကို သတိထားမိစေရန် လက်တွေ့ကျသော အကြံပြုချက်များ။

သက်ကြီးရွယ်အိုများအတွက် အစီအစဉ်များ

သက်ကြီးရွယ်အိုများအတွက် အစီအစဉ်များ

သက်ကြီးရွယ်အိုများ လိမ်လည်မှုကို သိရှိ၊ ၎င်းတို့၏ စုငွေကို ကာကွယ်ပြီး အကူအညီကို လျင်မြန်စွာ ရယူနိုင်ရန် ရိုးရှင်းသော အဆင့်ဆင့်လမ်းညွှန်ချက်များ။